What is DNS

Nov 16, 2022

DNS ဆိုတာ ကျွန်တော်တို့ အရင်ကသုံးတဲ့ လမ်းညွှန်း ဆိုတဲ့ စာအုပ်မျိုးပါ။ တနေရာကို သွားချင်တဲ့ ချိန်မှာ လူတွေက နာမည်တွေဘဲ သိကြတယ် Ocean, Capital Mall စသဖြင့် ပေါ့။ အဲ့ကို သွားဖို့ဆိုရင် လမ်းလိပ်စာ အတိအကျ သိဖို့ လို့ ပါတယ်။ အဲ့တော့ ကျွန်တော်တို့ လမ်းညွှန်းဆိုတဲ့ စာအုပ်ကနေ ရှာကြည့်ရပါတယ်။

blogging

DNS သည်လည်း ထိုနည်း၄င်းပင် ကျွန်တော်တို့ browser မှာ www.google.com ဆိုတာကို internet ဟာ နားမလည်ပါဘူး။ internet ဟာ IP address (internet protocol address) ကို ဘဲ နားလည် ပါတယ်။ ဥပမာ - 172.253.118.103 သည် www.google.com ရဲ့ IP address ဘဲဖြစ်ပါတယ်။ ဤ IP address ကို browser မှာရိုက်လိုက်ရင် Google search page ကျလာပါတယ်။ ထို့ကြောင့် www.google.com ဆိုတဲ့ domain name ကို ရိုက်လိုက်လျှင် client ဟာ DNS စီကို အရင်ဆုံး request လုပ်ရပါတယ်။ ရလာတဲ့ IP Address ကိုမှ ကိုက်ညီတဲ့ server ကို communicate လုပ်ပါတယ်။

How does it work?

DNS မှာ servers များစွာဟာ ပူးပေါင်းလုပ်ဆောင်ရပါတယ်။

  • DNS recursor - သူကတော့ client (browser application) ရဲ့ query ကို အဓိက handle လုပ်ပီး အခြား ကျန် သော servers တွေနဲ့ communicate လုပ်သူဖြစ်ပါတယ်။
  • Root nameserver - root nameserver ဟာ ပထမဆုံး ကျွန်တော်တို့ရဲ့ query( www.google.com) ကို translate လုပ်ပေးသူဖြစ်တယ်။ သူဟာ ကျွန်တော် တို့ query နဲ့ သက်ဆိုင်တဲ့ TLD nameserver ကို ရှာပေးပါတယ်။
  • TLD nameserver ( top level domain name server) - အရှေ့ က query (www.google.com) မှာဆိုလျှင် .com ကို top level domain လို့ခေါ်ပါတယ်။ TLD .com server မှ google.com ၏ authoritative nam server ရဲ့ IP address ကို ရှာပေးပါတယ်။
  • Authorities name server - ဤ name server ကတော့ DNS chain ရဲ့ final name server ဖြစ်ပြီး client request လုပ်တဲ့ resource ၏ IP address ကို DNS recursor အားပို့ပေးတယ်။

ယေဘုအားဖြင့် DNS lookup အဆင့်တွေမှာ -

  1. Client မှ google.com ဆိုတာကို ရိုက်ပီး အရင် ဆုံး DNS recursor စီရောက်တယ်။
  2. DNS recursor မှ root name server ထံမှ TLD name server ရဲ့ address ကိုတောင်းတယ်။
  3. ဤ IP address ဖြင့် TLD name server ကို ရှာ၍ Authoritative name server (google.com name server) ၏ IP address ကို တဆင့်မေးတယ်။
  4. DNS recursor မှနောက်တဆင့် Authoritative name server ထံမှ client query နဲ့ ကိုက်ညီ တဲ့ IP Address ကို တောင်းဆိုတယ်။
  5. Authoritative name server မှ အတိအကျ IP Address DNS recursor ထံသို ပေးပို့တယ်။ နောက်ဆုံး DNS recursor မှ IP address (172.253.118.103) အား client ( browser) ထံသို့ ပြန်ပေးပို့ပါတယ်။
  6. Client မှ HTTP request အား ဤ IP address သို့ request လုပ်ပါတယ်။ 7. ကိုက်ညီ တဲ့ resource (Google page) ကို server မှ client အားပေးပို့ပါတယ်။

ဒီလောက်ဆိုလျှင် DNS ဘယ်လိုအသုံးဝင်တယ် ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို နားလည်မယ် လို့ မျှော်လင့်ပါတယ်။