Jun 27, 2023
Software တခု ရေးတဲ့ ချိန်မှာ dependency ပြသနာကို အမြဲလိုလို ကြုံ တွေ့ရပါတယ်။ ဟိုက ပြောင်းလိုက်ရင် ဒီကလည်း ပြန်ပြောင်းရနဲ့ workload တအားပေးပါတယ်။ Framework တိုင်းဟာ လည်း classes or components တခုနဲ့ တခု interdependence ဖြစ်အောင် ကြိုးစားကြပါတယ်။
Inversion of control (IoC) ကတော့ classes အတွင်း loosely coupled ဖြစ်အောင် implement လုပ်တဲ့ principle တမျိုးဖြစ်တယ် ( design pattern မဟုတ်ပါ။ ) IoC ဟာ program control ကို developer တွေရေး ထားတဲ့ main program ကနေ framework or container သို့ transfer လုပ်ပေးတယ်။ ရှင်းရှင်းပြောရရင် framework/ container က program တခုလုံး ရဲ့ control ယူထားပါတယ်။
ဤသို့ transfer ခြင်းအားဖြစ် developer တွေမှာ instantiated objects တွေ ၊ သူတို့ရဲ့ lifecycle တွေ ၊ project configuration တွေ ကို manage လုပ်စရာ မလိုတော့ ဘဲ framework က inject လုပ်ထား တဲ့ object ကို business logic မှာသုံးလိုက်ရုံပါဘဲ။ ထို design principle guideline ကို implement လုပ်နိုင် တဲ့ pattern အမျိုးမျိုးရှိရာမှ dependency injection ကတော့ လူကြိုက်များ ဆုံးဖြစ်ပါတယ်။ Dependency injection (DI) ကို အသုံးပြုခြင်းဖြင့် ဘာ ကောင်းကျိုး တွေရမလဲ ဆိုတာ ကို ဥပမာနဲ့ တကွ နောက် blog မှာ ရှင်းသွားပါမယ်။